Posts

Showing posts from May, 2023
Image
ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ(Arakan Students' Union)မှ သက်အမျိုးသားနေ့သို့ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ ရက်စွဲ ။ ။ ၂၀၂၃ ခုနှစ်၊ မေလ (၁) ရက် ယနေ့ ၂၀၂၃ ခုနှစ်၊ မေလ (၁) ရက်နေ့တွင် ကျရောက်သော သက်အမျိုးသားနေ့သည် ကျွန်ုပ်တို့အားလုံးအတွက်အလေးအနက်ထားအပ်သော နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်ပါပေသည်။ သက်အမျိုးသားများသည် အာရက္ခတိုင်းပြည်၌အစောဆုံးနေထိုင်ခဲ့ကြကာ အခြားညီနောင်အမျိုးသားအားလုံးနှင့်အတူ အာရက္ခတိုင်းပြည်၏တိုးတက်ရေးကိုအတူတကွ လုပ်ဆောင်လာကြသော လူမျိုးများဖြစ်ပါသည်။ ယနေ့ခေတ် ကျွန်ုပ်တို့ကြုံတွေ့ နေရသော အခက်အခဲများကို ညီနောင်လူမျိုးအားလုံးသည် အတူတကွလက်တွဲကျော်လွှားနေကြသကဲ့သို့ပင် ဤရေ၊ဤမြေ၌ ရှေးယခင်ကဖြစ်ပျက်ပြီးသမျှသော ကောင်းခြင်း၊ ဆိုးခြင်းများကိုလည်း ကျွန်ုပ်တို့ဘိုးဘေးများသည် အတူတကွကျော်ဖြတ်ခဲ့ကြသည်သာ ဖြစ်ပေသည်။ ကျွန်ုပ်တို့ညီနောင်လူမျိုးများသည် ထိုအခက်အခဲများကို အတူတကွရင်ဆိုင်ကျော်လွှား ကာ နောင်လာမည့်မျိုးဆက်သစ်များအတွက် ကောင်းမွေများလက်ဆင့်ကမ်းခဲ့နိုင်ရန်မှာ ညီနောင် သက်အမျိုးသားများအပါအဝင် အာရက္ခပြည်သားတစ်ရပ်လုံး၏တာဝန်ပင်ဖြစ်သည်ဟု ကျွန်ုပ်တို့ခံယူ ထားပါသည်။ ယနေ့ကျရောက်သော သက်အမျိုးသားနေ့တွင် ညီနောင...

Contact Form

Name

Email *

Message *