မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်ရီအခက်အခဲဖြစ်နီရေ ရသေ့တောင်မြို့နယ် ပန်ဇင်းမော်ကျေးရွာကို ကျောက်ဖြူကနီပနာ ရေသန့်ဗူးဖာတိလှူဖို့ပို့ထားရေ အစ်မခက်စုဝေ ဘက်က ပို့လိုက်တေ ရေသန့်ဗူးတိကို ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှတစ်ဆင့် လှူဒါန်းပို့ဆောင်လိုက်ပါယာ။ ရေသန့်ဗူးတိ တရွာလုံး မလုံလောက်ဖို့စာစိုးရိမ်လို့ ထပ်ပနာ 20 liter ဘူးတိပါ ထပ်ပနာပို့ဆောင်ပီးလိုက်ပါရေ။ ဆရာဝေဟင်အောင်ဘက်က လှူဒါန်းထားရေ ရေစုတ်စက်ကိုပါ သောက်ရီကန် ရီစုတ်ဖို့စာမှာ သုံးလို့ရအောင် ငှားပီးလိုက်ပါရေ။ ကူညီပေးကတ်တေလူတိ၊ အလှုရှင်တိကို ကျေးဇူးအထူးတင်ရှိပါရေ။
Posts
Showing posts from July, 2023