ကျွန်တော်၏ ကိုယ်ရေးအကျဉ်း
 

ကျွန်တော်သည် ကွန်ပျူတာတက္ကသိုလ်ကျောင်းသားသမဂ္ဂ(စစ်တွေ) တွင် ၂၀၁၉ ခုနှစ် ဖေဖဝါရီလ ၁၄ရက်နေ့တွင် မဟာမိတ်ဆက်ဆံရေး နှင့် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံအဖြစ် ယခုအချိန်ထီး တာဝန်ထမ်းဆောင်လျှက်ရှိသည်။ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ၏ သံတွဲညီလာခံအပြီး အမှုဆောင်အဖွဲတွင် ၂၀၁၉ ဇူလိုင်လ ၁ရက်နေ့တွင် ဘဏ္ဍာရေးမှူးတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ထို့နောက် ၂၀၂၀ ခုနှစ်တွင် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ အဖြစ် ဆက်လက်ထမ်းဆောင်ခဲပြီး နိုင်ငံရေးလှုပ်ရှားမှုများတွင်ပါဝင်ခဲသည်။ တာဝန်ထမ်း‌ေဆာင်‌ေနစဥ်အတွင်း ကျောင်းတွင်းလိုအပ်ချက်များ ကျောင်းသားထုအခွင့်အရေးများ ဆုံးရှုံးနေမှုအပေါ် ကွန်ပျူတာတက္ကသိုလ်အတွင်း ကျောင်းသားများနှင့်အတူ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့သည်။ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်မှ ကမ္ဘာ့အရှည်ကြာဆုံးအင်တာနက်ဖြတ်တောက်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို CSO များ၊ ပြည်သူများ ၊ကျောင်းသားထုများနှင့် တက်ကြွစွာဆန္ဒ ထုတ်ဖော်ခဲ့သည်။ NLD အစိုးရလက်ထက် ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၉ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ပြီး ဖမ်းဆီးခံခဲ့ရကာ ငြိမ်းစုစီပုဒ်မ ၁၉၊ သဘာဝဘေးအန္တရယ်ဆိုင်ရာ ပုဒ်မ ၂၉ အရ စစ်တွေအကျဉ်းထောင်အတွင်း ၁၂ရက်ခန့် ဖမ်းဆီးချုပ်နှောင် တရားစွဲ ခံခဲ့ရသည်။ထို့နောက် မြန်မာ့တပ်မတော်၏ ရခိုင်ပြည်သူလူထုအား လူ့အခွင့်အရေးချိုးဖော်မှုများ ထပ်မံပြုလုပ်လာသောကြောင့် ၂၀၂၀ခုနှစ် အောက်တိုဘာ၁၉ ရက်နေ့တွင် စစ်တွေမြို့ ဝင်္ကဘာကွင်းမှ စတင်ကာ ပြည်သူများ ကျောင်းသားထုနှင့်အတူ ဆန္ဒထုတ်ဖော်ခဲ့ပါသည်။ ‌၎င်းဆန္ဒပြမှုကြောင့် နိုင်ငံတော်အကြည်အညိုပျက်စေမှု ၅၀၅(ခ)ဖြင့် တရားစွဲခံရပြီး ထောင်ဒဏ် ၂နှစ်၆လ ကျခံခဲ့ရသည်။ယခုအချိန်တွင် ရခိုင်ပြည်နယ်အတွင်း မတူညီသောလူမျိုးစုများအကြား သဟဇာတဖြစ်ရေးနှင့် ရခိုင်ပြည်သူများအခွင့်အရေး၊ ရခိုင်မျိုးနွယ်စုများအခွင့်အရေးများ ရရှိရေးကို ပူးဆောင်ဆောင်ရွက်လျှက် လုပ်ကိုင်ရှိ‌သည်။

Comments

Contact Form

Name

Email *

Message *

Popular posts from this blog