ရခိုင်ပြည်နယ်မှာ မူဆလင်ကျောင်းသားတွေ အဆင့်မြင့်ပညာသင်ယူခွင့် ပိတ်ပင်ခံထားရဆဲ
ရခိုင်ကမူဆလင်ကျောင်းသားတွေ အဆင့်မြင့်ပညာသင်ယူခွင့် ပိတ်ပင်ခံထားရဆဲ
~~~~~
■ ရခိုင်ပြည်နယ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားတဲ့ မူဆလင်ကျောင်းသားတွေဟာ အဆင့်မြင့်ပညာ တက္ကသိုလ်တွေနဲ့ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ဘာသာရပ်တွေ သင်ကြားခွင့် ပိတ်ပင်ခံထားရပါတယ်။
နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာက္ကသိုလ်၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (GTI)၊ အစိုးရနည်းပညာကောလိပ် (GTC)၊ ကျောက်ဖြူပညာရေးကောလိပ် (KEC) ကျောင်းတွေအပြင် စစ်တွေတက္ကသိုလ်မှာပါ အသက်မွေးဝမ်းကျောင်း ဘာသာရပ်ဖြစ်တဲ့ ဥပဒေဘာသာရပ်တွေကို သင်ကြားခွင့် ပိတ်ပင်ခံထားရတာပါ။
ပြီးခဲ့တဲ့ ၂၀၂၁ - ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ၊ ပေါက်တော၊ မြောက်ဦး၊ မင်းပြား စတဲ့မြို့နယ်တွေမှာ မူဆလင်ကျောင်းသားပေါင်း ၆၀၀ ကျော် အောင်မြင်ခဲ့ပေမယ့် တစ်ယောက်မှ အဲဒီတက္ကသိုလ်တွေကို တက်ခွင့်မရကြတာလို့ မူဆလင်ကျောင်းသားတွေက ပြောပါတယ်။
ရိုဟင်ဂျာကျောင်းသားတွေကို အခုလို ကန့်သတ်ထားတာ၊ ကျောင်းတွေကလက်မခံတာဟာ နိုင်ငံသားမှတ်ပုံတင် မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဖြစ်တယ်လို့ ဆိုပါတယ်။
ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်ကတော့ ရိုဟင်ဂျာ ကျောင်းသားတွေကိုလည်း အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေမှာ ကျောင်းတက်ခွင့်ပေးသင့်တယ်လို့ အကြံပြုပါတယ်။
“သူတို့ဘွဲ့ရသွားရင်လည်း နိုင်ငံတော်ကို ပုန်ကန်မှာလည်း မဟုတ်ဘူး။ နိုင်ငံတော်အတွက် အကျိုးရှိမယ့် ကျောင်းဆရာလုပ်မယ်။ ဆေးကျောင်းတက်ခွင့်ပေးရင် ဆရာဝန်တွေ ဝင်လုပ်မယ်ပေါ့။ နောက်ပြီး နည်းပညာပိုင်းနဲ့ဆိုရင် ကွန်ပျူတာတက္ကသိုလ်ကျောင်း ပြီးသွားရင်လည်း နည်းပညာပိုင်းအတွက် အထောက်အကူ ဖြစ်တာပေါ့။ ပြည်နယ်တစ်ခု တိုးတက်ဖို့ ဒီလို လူသားအရင်းအမြစ်တွေက အများကြီးလိုတာပေါ့။ ဟိုဘာသာဝင်ဖြစ်လို့ နိုင်ငံသားကတ်မရှိလို့ တက်ခွင့်မပေးတာက ကျနော်တို့သဘောမကျဘူး”လို့ ဖြေကြားခဲ့ပါတယ်။
Video Crd RFA Burmese
Original post fb link👇👇
https://m.facebook.com/story.php?story_fbid=pfbid05brk3pYeWsPBxUgzSHMcC3TjBSPhM3ae6dzV6moi7Pj3EiEdsF1SijudiACyZiA8l&id=39218993127&mibextid=Nif5oz
Comments
Post a Comment