ဒဂုံတက္ကသိုလ်ကျောင်းသားတွေအပါအဝင် လူငယ် ၁၀ ဦး သေဒဏ်ချမှတ်ခံရ


စစ်အုပ်ချုပ်ရေးနယ်မြေတွေမှာဖြစ်ပွားခဲ့တဲ့ လုပ်ကြံမှု နှစ်ခုနဲ့ ပတ်သက်ပြီး တရားစွဲခံထားရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားတွေအပါအဝင် လူငယ် ၁၀ ဦးကို စစ်ခုံရုံးက သေဒဏ်ချမှတ်လိုက်တဲ့ အကြောင်း မိသားစုဝင်တချို့က အတည်ပြုပါတယ်။


ပြီးခဲ့တဲ့ ဧပြီလက ဒဂုံမြို့သစ်တောင်ပိုင်းက ကမ္ဘာ့ရတနာဘဏ် မန်နေဂျာ အငြိမ်းစား ဒုဗိုလ်မှူးကြီးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရမှုအတွက် ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦး ကို သေဒဏ်ချမှတ်ခဲ့တာပါ။


ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင်တစ်ဦးကတော့ ဒီသေဒဏ်ချမှတ်မှုကို မတရားမှုလို့ပြောပြီး ဒီကိစ္စကို နိုင်ငံတကာက အာရုံစိုက်ဖို့ တိုက်တွန်းပါတယ်။


အလားတူ ပြီးခဲ့တဲ့မေလက ဒဂုံမြို့သစ်မြောက်ပိုင်း၊ ၄၅ ရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး လူငယ် ၃ ဦးကိုလည်း မနေ့က စစ်ခုံရုံးက သေဒဏ်ချမှတ်ခဲ့ပါတယ်။

#မြန်မာ #စစ်တပ် #ကျောင်းသား #ဒဂုံတက္ကသိုလ်

Comments

Contact Form

Name

Email *

Message *

Popular posts from this blog