ပုန်ကန်သူရို့၏ဋီကာ…….
မော်ကွန်းအစစ်နဲ့
သမိုင်းသစ်ယူရေ လူရို့၏သမိုင်း
သွီးသားတိုင်းမှာအမာရွတ်နဲ့အရီလှန်ငြိမ်ခံဖို့အစား
မရာဏမင်းနဲ့မိတ်ဖွဲ့ခကပ်တေ……..
ထောင်နန်းကိုဘောင်တန်း
ရောင်ရမ်းနိန်ရေ ရင်ကအနာကို
ဖောက်ထုပ်ယင်း ပြုံးလို့ရယ်လို့…….
အရုတ်တက်အချိန်က ရောင်နီနဲ့အတူ
လှော်ခပ်လာရေ ပြိုင်လောင်းတစ်စင်း
အောင်လံကိုတမ်းချင်းဖွဲ့ နံရံမှာစွန့်လွတ်မှုအပြည့်နဲ့……..
လွတ်လပ်စွာပျံသန်းခွင့်ပြုပါအမင်
ဒေရင်ခွင်အနာတထွီးနဲ့ မရှင်သန်ချင်ဗျာယ်
နာရပါရေ ကြင်ပါရေ ဒေအမျိုးသမိုင်းက
အရိုင်းစိုင်းနဲ့ ဒေဘဝဒေတစ်သက်
တန်ပြန်ရိုင်းပြခွင့်ပြုပါအမင်……..
မဟူရာချောက်နက် ကမ်းပါးအပျက်က
လှမ်းတက်ရကေလည်း
အတ္တဇွဲနဲ့ပုန်ကန်ဖို့အရေးထဲ
ရဲရဲကြီးပါဝင်လားမေ………
ကျန်လိုက်ခဖို့ငါ့သမိုင်း
ရိုင်းစိုင်းခကေတောင်
ငါရို့သမိုင်း နပ်ရိုးသွီးအတိုင်းစီးဆင်းစီဖို့
ဟုတ်တေ မှန်ရေ.
ဒေစွာငါရွီးရေလမ်း ငါ့လမ်းအမှန်
#ချစ်မိသူ.(arakan)………….

Comments
Post a Comment