ဂျပန်တွေရဲ့ ဘောလုံးနည်းပြ ရခိုင်သားဦးကျော်ဒင်

_________________________________________


ဂျပန်တွေကို လူလိုသူလို ဘောလုံးကစားတတ်လာအောင်

စာအုပ်ရေးပြီး စနစ်တကျသင်ပေးခဲ့တဲ့နည်းပြဟာ ရခိုင်

သားတစ်ယောက်ဆိုရင် အံသြကြမလား မသိပါဘူး။ဒါပေ

မယ့် တကယ့်ဖြစ်ရပ်မှန်ပါ။သူ့နာမည်က ဦးကျော်ဒင်@ဦး

ကျော်ဒင်စံဖြစ်ပါတယ်။


ဦးကျော်ဒင် နည်းပြမလုပ်ခင် ဂျပန်တွေ ဘောလုံးမကစား

တတ်ဘူးလားဆိုတော့ ကစားတတ်တယ်။ဒါပေမယ့် ခွေး

ရူးပြေးတန်း ကစားသလို ဘောလုံးရောက်တဲ့နေရာမှာ စု

ပြုံပြီး ကစားနေကြတယ်။ဘောလုံး ရှေ့တန်းရောက်ရင်

တစ်အုပ်စုလုံး ရှေ့ကိုပြေးတက်ကြတယ်။အလယ်တန်း

ကိုရောက်ရင် အလယ်တန်း၊နောက်တန်းရောက်ပြီဆိုရင်

လည်း နောက်တန်းမှာ စုပြုံနေကြတယ်။ဦးကျော်ဒင်က ဒီ

လိုကစားနေကြတာကိုကြည့်ပြီး၊ဘောလုံးဆိုတာ ဒီလိုမ

ကစားရဘူး။လူခွဲပြီး သူ့နေရာနဲ့သူ အကွက်ဖော်ပြီး ကစား

ရတာဆိုပြီး ကစားပြပါတယ်။ဒီလိုနဲ့ ဦးကျော်ဒင်ဟာ ဂျ

ပန်တွေရဲ့ ဘောလုံးနည်းပြဖြစ်လာခဲ့တယ်။ဂျပန်တွေရဲ့

တောင်းဆိုချက်အရ စနစ်တကျ ဘောလုံးကစားနည်းကို

အများပြည်သူပါ လေ့လာလို့ရအောင်ဆိုပြီးတော့ စာအုပ်

ရေးပြီး ထုတ်ဝေခဲ့ပါတယ်။ဒီစာအုပ်ကတော့ "How To

Play Association Football"ဆိုတဲ့ စာအုပ်ပါပဲ။ဒီစာ

အုပ်နဲ့အတူ ဦးကျော်ဒင်ရဲ့ရုပ်တုကို တိုကျိုမြို့ ဦးချန်နော

မိစုအရပ်မှာရှိတဲ့ ဘောလုံးသမိုင်းပြတိုက်မှာ ပြသထား

ပါတယ်။ဦးကျော်ဒင်ဟာ ဂျပန်နိုင်ငံမှာရှိတဲ့ အထက်တန်း

ကျောင်းတွေက ကျောင်းသားတွေကိုလည်း စနစ်တကျ

ဘောလုံးကစားတတ်လာအောင် လှည့်လည်ပြီး နည်းပြ

လုပ်ပေးခဲ့ပါတယ်။ဦးကျော်ဒင်ရဲ့ ကျေးဇူးကြောင့် ဂျပန်

တွေဟာ ၁၉၃၀ ခုနှစ် အာရှဘောလုံးပြိုင်ပွဲမှာ ဗိုလ်စွဲသွား

ခဲ့ပါတယ်။


ဂျပန်တွေကို စနစ်တကျ ဘောလုံးကစားတတ်လာအောင်

သင်ပေးခဲ့တဲ့ ရခိုင်သားဦးကျော်ဒင်ဟာ ဘယ်လိုပုံစံနဲ့ ဂျ

ပန်ပြည်ကို ရောက်သွားခဲ့သလဲဆိုတာကို လိုက်ရှာကြည့်

ပါတယ်။ဦးကျော်ဒင်ကို ၁၉၀၀ ခုနှစ်ပတ်ဝန်းကျင်မှာ မွေး

ဖွားခဲ့ပါတယ်။ဆရာတော်ဦးဥတ္တမဟာ ဂျပန်ပြည်မှာ နေ

ထိုင်ပြီး မြန်မာပြည်ကို ပြန်ကြွလာခဲ့ပါတယ်။မြန်မာပြည်

ကနေ ဂျပန်ပြည်ကို ပြန်ကြွတဲ့အခါ ဆရာတော်ရဲ့ညီမနဲ့

အတူ လူငယ် ၅ ဦးကို ပညာသင်ဖို့အတွက် ဂျပန်ပြည်ကို

ခေါ်ယူသွားခဲ့ပါတယ်။ဒီလူငယ် ၅ ဦးထဲမှာ ဦးကျော်ဒင်

လည်း ပါဝင်ပါတယ်။၁၉၂၀ ခုနှစ်မှာ တိုကျိုမြို့ စက်မှု

အထက်တန်းကျောင်းမှာ ပညာတော်သင်အဖြစ် တက်

ရောက်ခဲ့ပါတယ်။စက်မှုအထက်တန်းကျောင်းမှာ တက်

ရောက်ရင်း အထက်တန်းကျောင်းတွေမှာ ကျောင်းသား

များ ဘောလုံးကို စနစ်တကျ ကစားတတ်လာဖို့ နည်းပြ

အဖြစ် လုပ်ပေးခဲ့ပါတယ်။၁၉၂၄ ခုနှစ်မှာ ဦးကျော်ဒင်

ဟာ ဂျပန်ပြည် စက်မှုအထက်တန်းကျောင်းမှ အောင်မြင်

ပြီး မြန်မာနိုင်ငံကို ပြန်လာခဲ့ပါတယ်။မြန်မာနိုင်ငံကို ပြန်

ရောက်တဲ့အခါ သံရည်ကျိုလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။

၁၉၆၇ ခုနှစ်တွင် စက်မှုလုပ်ငန်းများကို ပြည်သူပိုင်သိမ်း

သောအခါမှ ဦးကျော်ဒင်ရဲ့ သံရည်ကျိုလုပ်ငန်းဟာ ရပ်

တန့်သွားပြီး ဦးကျော်ဒင်ရဲ့သတင်းအစအနပါ ပျောက်

ကွယ်သွားပါတော့တယ်။တချို့တလေရဲ့ ပြောပြချက်

အရဆိုရင်တော့ ဂျိုးဖြူကန်မှာ ရေတံခါးဗိုလ်လုပ်ပြီး

၁၉၈၈ အရေးအခင်းပြီးကာစမှာမှ ပြည်မြို့မှာ လူကြီး

ရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ ပြောကြပါတယ်။


ဂျပန်ဘောလုံးအသင်းချုပ်က ဦးကျော်ဒင်အား ကျေးဇူး

ဆပ်ချင်တဲ့အတွက် ဦးကျော်ဒင်၏မိသားစုဝင်များကို

လိုက်လံရှာဖွေစုံစမ်းသော်လည်း မတွေ့ရှိသေးပေ။ကြေး

မုံသတင်းစာတွင် ခင်ရတနာ၏ဆောင်းပါးတစ်ပုဒ်၌ ဦး

ကျော်ဒင်၏မိသားစုဝင်များမှာ အမေရိကန်ပြည်ထောင်

စုတွင် နေထိုင်ကြကြောင်းလည်း တစ်ချိန်က ဖတ်လိုက်

ရသည်။၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ မြန်မာ

နိုင်ငံတွင် ကျင်းပသော ၂၀၂၂ ဖီဖာ၏ ကမ္ဘာ့ဖလား အာ

ရှ ဒုတိယအဆင့်ခြေစစ်ပွဲ၊ မြန်မာနှင့်ဂျပန်အသင်းတို့ က

စားကြသောပွဲတွင် ဂျပန်လူမျိုး ဘောလုံးဝါသနာရှင်များ

က "ဂျပန်ဘောလုံး အားကစားကို ကြီးမားတဲ့အကျိုး

သက်ရောက်မှုတွေ ပေးစွမ်းခဲ့တဲ့ ဦးကျော်ဒင်နဲ့ သူ့ရဲ့မိခင်

မြန်မာနိုင်ငံအား ကျေးဇူးတင်လျှက်ပါ"ဟု ဗီနိုင်းချပ်ကြီး

ဖြင့် ဂုဏ်ပြုခဲ့သည်။


Credit(photos)-Ko Ye & Google

စာကိုး-၂၀၁၉ နိုဝင်ဘာ ၂၀၊ဗုဒ္ဓဟူးနေ့ထုတ် "ရွှီပြည်ရခိုင်

           ပုံရိပ်၊ တိုင်းရင်းသားဘာသာကဏ္ဍ"မှ

           အောင်ကြည်မိုး၏ "ရခိုင်လူမျိုး ဦးကျော်ဒင် (သို့)

           ဂျပန်နိုင်ငံ ဘောလုံးအသင်းနည်းပြ လက်ဦးဆရာ"


ရမ်မာဝတီဇီဝဇိုး(၂၁-၁၁-၂၀၁၉)


Crd

Comments

Contact Form

Name

Email *

Message *

Popular posts from this blog