စစ်ကောင်စီသည် အသင်းအဖွဲ့များကို အချိန်မရွေးအရေးယူရန် ဥပဒေများပြဌာန်းလုပ်ဆောင်နေဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်မှ ဝေဖန်




“ ကျနော်မြင်တာက ဒီဥပဒေဟာ ဒီမိုကရေစီအရေးလှုပ်ရှားနေကြတဲ့သူတွေ၊အသင်းအဖွဲ့တွေနဲ့ တခြား အဖွဲ့အစည်းတွေကို အများကြီးရိုက်ခတ်မှုရှိနိုင်တယ်။လက်ရှိအာဏာရှင် ဒေါက်တိုင်တစ်ခုကို တွန်းလှန်တဲ့ နေရာမှာ အသင်းအဖွဲ့တွေ၊ ဘာသာရေးအသင်းအဖွဲ့တွေ၊နောက် စီးပွားရေးအဖွဲ့တွေ၊ ကျောင်းသားသမဂ္ဂတွေစတဲ့ အဖွဲ့အစည်းတွေဟာ အာဏာရှင်ရဲ့ ဒေါက်တိုင်ကို ဖြိုဖျက်နိုင်တဲ့ စွမ်းအားရှိတယ်။ ဒါကြောင့် သူတို့ (စစ်ကောင်စီ) က အသင်းအဖွဲ့တွေကိုထိန်းချုပ်ချင်တဲ့အတွက် ဒီဥပဒေကိုပြဌာန်းတယ်လို့မြင်တယ်” ဟု ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်မှက ပြောသည်။


ယင်းအပြင် စစ်ကောင်စီသည် ၎င်းတို့၏အတိုက်အခံအဖွဲ့အစည်းများကို အသင်းအဖွဲ့များမှ ကူညီထောက်ပံ့ခြင်း၊ ဆက်သွယ်ခြင်းများမပြုလုပ်နိုင်ရန် ဖြတ်တောက်ခြင်းဖြစ်သည်ဟု ပြည်သူ့လွှတ်တော် အမတ်ဟောင်း ဦးဖေသန်းက ရှုမြင်သည်။


“ သူတို့(စစ်ကောင်စီ)က ဥပဒေပြဌာန်းပြီး တစ်ဖက်က သူတို့တွေကို အတိုက်အခံလုပ်နေတဲ့သူတွေနဲ့ အဆက်အသွယ် ဖြတ်တာဖြစ်တယ်။ နိုင်ငံရေးလွှတ်တော်လည်းမရှိဘဲ စစ်ကောင်စီက သူတို့လိုချင်သလို ဥပဒေတွေကိုပြဌာန်းနေတာဖြစ်တယ်။ဝေဖန်ထောက်ပြမယ့် လူလည်းမရှိဘူး။ ဥပဒေကို ပြုဖို့အတွက် သူတို့ကိုယ်တိုင်က အပေါ်စီးကနေရာယူပြီးတော့ ကိုယ်ကြိုက်တဲ့ဥပဒေ၊သူတို့အကျိုးစီးပွားကို ကာကွယ်ဖို့ အတွက် ဥပဒေတွေပြဌာန်းနေတာဖြစ်တယ်။ဒီလိုအချိန်မှာ စစ်အာဏာရှင်တွေက ဒီလိုလုပ်တာက အထူး အဆန်းတော့မဟုတ်ဘူး” ဟု သူက ပြောသည်။


အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၃၄ တွင် မည်သူမျှ မှတ်ပုံတင်လက်မှတ် သက်တမ်းကျော်လွန်၍ ဖြစ်စေ၊ မှတ်ပုံတင်လက်မှတ် ပယ်ဖျက်ပြီးနောက်ဖြစ်စေ အသင်းအဖွဲ့ကို ဆက်လက်ရပ်တည်ခြင်းမပြုရကြောင်း နှင့် ပုဒ်မ ၃၅ တွင်လည်း မည်သူမျှ မှတ်ပုံတင်လက်မှတ်မရှိသော အသင်း အဖွဲ့တွင် အသင်းဝင်အဖြစ်ပါဝင်ခြင်း၊ ဆောင်ရွက်ခြင်း၊အားပေးကူညီခြင်းသို့မဟုတ် အယောင်ဆောင်ခြင်းမပြုရကြောင်း ပြဌာန်းထားသည်။


မည်သူမဆို ပုဒ်မ ၃၄ နှင့် ၃၅ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျုးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်ချမှတ်ရမည်ဟု ပြဌာန်းထားသည်။ ငွေဒဏ်မဆောင်ပါက နှစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည်ဟု စစ်ကောင်စီမှ ပြဌာန်းလိုက်ခြင်းဖြစ်သည်။


လက်ရှိစစ်ကောင်စီမှ ပြဌာန်းလိုက်သည့် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေထဲတွင် ပြည်တွင်းအသင်း အဖွဲ့မှတ်ပုံတင်ခြင်းနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအသင်းအဖွဲ့ မှတ်ပုံတင်ခြင်းများလည်းပါဝင်သည်။


မြန်မာစစ်တပ်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် နေ့တွင် နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက်တွင် ၎င်းတို့၏ ကိုယ်ကျိုးအတွက် ဥပဒေများကို ပြင်ဆင် ပြဌာန်းခြင်း၊အသစ်ရေးဆွဲခြင်းများကို ဆက်တိုက်လုပ် ဆောင်လာနေသည်ဟု နိုင်ငံရေးသမားများက ရှုမြင်ကြသည်။


#R003

#whathappeninginmyanmar

#Rakhine

#arakan

#arakanstudentsunion

#oothannaing

#media


ပုံစာ - စစ်ကောင်စီမှ ပြဌာန်းလိုက်သည့် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ။ဓာတ်ပုံ - မြန်မာ့အလင်းသတင်းစာ



Comments

Contact Form

Name

Email *

Message *

Popular posts from this blog