WE ARE THE WORLD Cover Myanmar Singers
Mizo and Burmese Chin singers have come together to sing and distribute the new song We are The World, which has been very successful on the YouTube channel, and many music critics from all over the world are praising it. This song is named Chinlung Chhuak Artist and it is sung by Chinlung singers from Mizoram and famous Mizo singers from Mizoram state of India. The original Michael Jackson's world-famous song We are the World was sung and distributed by Mizo-Chin singers in a new version in early February of this year.
မီဇိုနဲ့ မြန်မာချင်း အဆိုတော်တွေ စုပေါင်းပြီး ဆန်းသစ်သီဆိုဖြန့်ချီလိုက်တဲ့ We are The World တေးသီချင်းဟာ YouTube ချာနယ်မှာအတော်လေးအောင်မြင်မူ့ရနေသလို ကမ္ဘာအရပ်ရပ်က တေးသီချင်းဝေဖန်သူ မြောက်များစွာကလည်း ချီးမွမ်းထောပနာပြုနေကြပါတယ်။ ဒီသီချင်းကို Chinlung Chhuak Artist လို့ အဖွဲ့နာမည်ပေးထားပြီးမီဇိုရမ်ရောက် ချင်းအဆိုတော်များနဲ့ အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်က နာမည်ကြီးထင်ရှားတဲ့ မီဇိုအဆိုတော်တွေပါဝင်သီဆိုထားတာပါ။ မူရင်းမိုက်ကယ်ဂျက်ဆင်ရဲ့ ကမ္ဘာကျော်We are the World သီချင်းကို မီဇို- ချင်းအဆိုတော်တွေက Version အသစ်နဲ့ တမူဆန်းပြီး ယခုနှစ်ဖေဖဝါရီလဆန်းလောက်က သီဆိုဖြန့်ချိခဲ့ရာမှာ အဆိုပညာတွေဟာ ထူးခြားကောင်းမွန်ပြီး မူရင်းထက်တောင်သာလွန်တယ်လို့ ဝေဖန်သူတွေက ချီးမွမ်းကြပါတယ်။အမေရိကန်နဲ့ မီဇိုရမ်အပါအဝင်နေရာအနှံ့ရောက်ချင်း- မီဇိုအဆိုတော်တွေစုစည်းသီဆိုဖြန့်ချိတဲ့အဆိုပါသီချင်းကို မြန်မာ့အရေးအပေါ် ကမ္ဘာကကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်မိစေဖို့ ဝါဒဖြန့်ချိရေးနေရာမှာလည်း အားကောင်းမောင်းသန်ဖြစ်စေခဲ့ပါတယ်။
သီချင်းနားထောင်ရန် လင့်-
https://youtu.be/2ky1Wa7qclg
#WeAreTheWorld
#bestcoversong
#Chinland
#wearetheworld
#coversong
#ChinlungChuakArtist
#MilitaryCoupInMyanmar. .
#crd video and text
Comments
Post a Comment