Posts

Showing posts from December, 2022
Image
 Summary of Arakan Students'Union   Arakan Students'Union is composed of nine students unions in Rakhine State.They are Students Union of Sittwe University, Students Union of Computer University (Sittwe),Students Union of Technology University (Sittwe),Students Union of Taungoke University, Students Union of GTC(Thandwe),Students Union of GTC Kyauk Phyu,Students Union of Kyauk Phyu Education College,Students Union of Mrauk-U Township and Students Union of Basic Education High School (Sittwe). The two people are elected from each Union.The Rakhine State Student Union represents all other student unions in Rakhine State, and two representatives from each union are selected to form the Central Arakan Students'Union.Each student union is involved in university political activities,the academic needs of the school, the unity among the student and more intramural sports(etc. dance club, music club, football club, online game and so on.).Arakan Students'Union initial policy ...
Image
  တကျော့ပြန်ရခိုင်စစ်ပွဲ ဘယ်လောက်ထိပြင်းထန်လာနိုင်သလဲ(Vox Pop) DMG ၊ စက်တင်ဘာ ၃ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ဖမ်းဆီးခြင်းများနှင့်စတင်ခဲ့သည့် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တကျော့ပြန်တိုက်ပွဲများသည် မောင်တော၊ ရသေ့တောင်၊ မြောက်ဦး၊ တောင်ကုတ်နှင့် ပလက်ဝမြို့နယ်တို့အထိ ကျယ်ပြန့်လာနေသည်။ သြဂုတ်လ ၃၁ ရက်နေ့ကလည်း AA မှ သိမ်းပိုက်လိုက်သည့် မောင်တောမြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မိုင်တိုင်အမှတ်(၄၀)အနီးမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းကို ပြန်လည်သိမ်းပိုက်ရရှိရေးအတွက် စစ်ကူ၊ပစ်ကူရယူ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များကိုဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း စစ်ကောင်စီမှ ထုတ်ဖော်ပြောဆိုလာသည်။ လက်ရှိတွင်လည်း မြန်မာစစ်တပ်နှင့် AA တို့သည် နေရာအနှံ့တွင် စစ်ရေးတင်းမာမှုများရှိနေပြီး စစ်ကောင်စီဘက်မှ လေကြောင်း၊ရေကြောင်းများအသုံးပြုကာ စစ်အင်အားတိုးချဲ့ခြင်းများအထိ ရှိလာသည်။ မောင်တောနှင့် ပလက်ဝမြို့နယ်တို့တွင် သြဂုတ်လဆန်းမှ ယနေ့အချိန်ထိ တိုက်ပွဲများ ဆက်တိုက်ပြင်းထန် နေဆဲဖြစ်သည်။ ထို့ကြောင့် တကျော့ပြန်ရခိုင်စစ်ပွဲ မည်မျှထိပြင်းထန်လာနိုင်သည်ကို နိုင်ငံရေးသမားများနှင့် ပြည်သူလူထု၏ သဘ...
Image
 ဒေဂနိန့်ကျရောက်တေ Merry Christmas နိန့် အချိန်အခါသမယအတွင်းမှာ ခရစ်ယာန်ညီကို မောင်နှမတိအားလုံး စိတ်ပျော်ရွင်ချမ်းမြေ့ကတ်ပါစီလို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ဆုတောင်းမေတ္တာပို့သအပ်ပါရေ။
Image
  ဂျပန်တွေရဲ့ ဘောလုံးနည်းပြ ရခိုင်သားဦးကျော်ဒင် _________________________________________ ဂျပန်တွေကို လူလိုသူလို ဘောလုံးကစားတတ်လာအောင် စာအုပ်ရေးပြီး စနစ်တကျသင်ပေးခဲ့တဲ့နည်းပြဟာ ရခိုင် သားတစ်ယောက်ဆိုရင် အံသြကြမလား မသိပါဘူး။ဒါပေ မယ့် တကယ့်ဖြစ်ရပ်မှန်ပါ။သူ့နာမည်က ဦးကျော်ဒင်@ဦး ကျော်ဒင်စံဖြစ်ပါတယ်။ ဦးကျော်ဒင် နည်းပြမလုပ်ခင် ဂျပန်တွေ ဘောလုံးမကစား တတ်ဘူးလားဆိုတော့ ကစားတတ်တယ်။ဒါပေမယ့် ခွေး ရူးပြေးတန်း ကစားသလို ဘောလုံးရောက်တဲ့နေရာမှာ စု ပြုံပြီး ကစားနေကြတယ်။ဘောလုံး ရှေ့တန်းရောက်ရင် တစ်အုပ်စုလုံး ရှေ့ကိုပြေးတက်ကြတယ်။အလယ်တန်း ကိုရောက်ရင် အလယ်တန်း၊နောက်တန်းရောက်ပြီဆိုရင် လည်း နောက်တန်းမှာ စုပြုံနေကြတယ်။ဦးကျော်ဒင်က ဒီ လိုကစားနေကြတာကိုကြည့်ပြီး၊ဘောလုံးဆိုတာ ဒီလိုမ ကစားရဘူး။လူခွဲပြီး သူ့နေရာနဲ့သူ အကွက်ဖော်ပြီး ကစား ရတာဆိုပြီး ကစားပြပါတယ်။ဒီလိုနဲ့ ဦးကျော်ဒင်ဟာ ဂျ ပန်တွေရဲ့ ဘောလုံးနည်းပြဖြစ်လာခဲ့တယ်။ဂျပန်တွေရဲ့ တောင်းဆိုချက်အရ စနစ်တကျ ဘောလုံးကစားနည်းကို အများပြည်သူပါ လေ့လာလို့ရအောင်ဆိုပြီးတော့ စာအုပ် ရေးပြီး ထုတ်ဝေခဲ့ပါတယ်။ဒီစာအုပ်ကတော့ "How To Play Association Football"ဆိုတဲ့ စာအုပ်ပါပဲ။ဒီစ...
Image
  ပုန်ကန်သူရို့၏ဋီကာ……. မော်ကွန်းအစစ်နဲ့ သမိုင်းသစ်ယူရေ လူရို့၏သမိုင်း သွီးသားတိုင်းမှာအမာရွတ်နဲ့အရီလှန်ငြိမ်ခံဖို့အစား မရာဏမင်းနဲ့မိတ်ဖွဲ့ခကပ်တေ…….. ထောင်နန်းကိုဘောင်တန်း ရောင်ရမ်းနိန်ရေ ရင်ကအနာကို ဖောက်ထုပ်ယင်း ပြုံးလို့ရယ်လို့……. အရုတ်တက်အချိန်က ရောင်နီနဲ့အတူ လှော်ခပ်လာရေ ပြိုင်လောင်းတစ်စင်း အောင်လံကိုတမ်းချင်းဖွဲ့ နံရံမှာစွန့်လွတ်မှုအပြည့်နဲ့…….. လွတ်လပ်စွာပျံသန်းခွင့်ပြုပါအမင် ဒေရင်ခွင်အနာတထွီးနဲ့ မရှင်သန်ချင်ဗျာယ် နာရပါရေ ကြင်ပါရေ ဒေအမျိုးသမိုင်းက အရိုင်းစိုင်းနဲ့ ဒေဘဝဒေတစ်သက်  တန်ပြန်ရိုင်းပြခွင့်ပြုပါအမင်…….. မဟူရာချောက်နက် ကမ်းပါးအပျက်က လှမ်းတက်ရကေလည်း အတ္တဇွဲနဲ့ပုန်ကန်ဖို့အရေးထဲ ရဲရဲကြီးပါဝင်လားမေ……… ကျန်လိုက်ခဖို့ငါ့သမိုင်း ရိုင်းစိုင်းခကေတောင် ငါရို့သမိုင်း နပ်ရိုးသွီးအတိုင်းစီးဆင်းစီဖို့ ဟုတ်တေ မှန်ရေ.  ဒေစွာငါရွီးရေလမ်း ငါ့လမ်းအမှန်  #ချစ်မိသူ.(arakan)………….
Image
 စစ်ကောင်စီသည် အသင်းအဖွဲ့များကို အချိန်မရွေးအရေးယူရန် ဥပဒေများပြဌာန်းလုပ်ဆောင်နေဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်မှ ဝေဖန် “ ကျနော်မြင်တာက ဒီဥပဒေဟာ ဒီမိုကရေစီအရေးလှုပ်ရှားနေကြတဲ့သူတွေ၊အသင်းအဖွဲ့တွေနဲ့ တခြား အဖွဲ့အစည်းတွေကို အများကြီးရိုက်ခတ်မှုရှိနိုင်တယ်။လက်ရှိအာဏာရှင် ဒေါက်တိုင်တစ်ခုကို တွန်းလှန်တဲ့ နေရာမှာ အသင်းအဖွဲ့တွေ၊ ဘာသာရေးအသင်းအဖွဲ့တွေ၊နောက် စီးပွားရေးအဖွဲ့တွေ၊ ကျောင်းသားသမဂ္ဂတွေစတဲ့ အဖွဲ့အစည်းတွေဟာ အာဏာရှင်ရဲ့ ဒေါက်တိုင်ကို ဖြိုဖျက်နိုင်တဲ့ စွမ်းအားရှိတယ်။ ဒါကြောင့် သူတို့ (စစ်ကောင်စီ) က အသင်းအဖွဲ့တွေကိုထိန်းချုပ်ချင်တဲ့အတွက် ဒီဥပဒေကိုပြဌာန်းတယ်လို့မြင်တယ်” ဟု ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်မှက ပြောသည်။ ယင်းအပြင် စစ်ကောင်စီသည် ၎င်းတို့၏အတိုက်အခံအဖွဲ့အစည်းများကို အသင်းအဖွဲ့များမှ ကူညီထောက်ပံ့ခြင်း၊ ဆက်သွယ်ခြင်းများမပြုလုပ်နိုင်ရန် ဖြတ်တောက်ခြင်းဖြစ်သည်ဟု ပြည်သူ့လွှတ်တော် အမတ်ဟောင်း ဦးဖေသန်းက ရှုမြင်သည်။ “ သူတို့(စစ်ကောင်စီ)က ဥပဒေပြဌာန်းပြီး တစ်ဖက်က သူတို့တွေကို အတိုက်အခံလုပ်နေတဲ့သူတွေနဲ့ အဆက...
Image
  စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂပြော - Unicode --------------- ■ ရခိုင်ပြည်နယ်က မြို့နယ်တွေနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က ရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာအပြင် စားနပ်ရိက္ခာ ပြတ်တောက်အောင် လုပ်ဆောင်နေတာတွေကို ရှုတ်ချတယ်လို့ ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂက ဩဂုတ်လ ၂၈ ရက်၊ မနေ့က ထုတ်ပြန်ပါတယ်။  စစ်ကောင်စီတပ်ဟာ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောလမ်းနဲ့ ပလက်ဝမြို့နယ်မှာလည်း အသွား၊ အလာ ကန့်သတ်ပိတ်ပင်ထားပြီး စစ်ရာဇဝတ်မှုတွေကို ဆက်တိုက် ကျူးလွန်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ လူမဆန်တဲ့ လုပ်ရပ်ဖြစ်တဲ့အတွက် ရှုတ်ချတာလို့ ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂက သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်က RFA ကို ပြောပါတယ်။  “အခု စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီတပ်က လမ်းတွေကို ပိတ်ထားတယ်။ ရိက္ခာတွေ ဖြတ်တောက်ထားတယ်။ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရကြတယ်။ သေဆုံးကြတယ်။ ပြီးတော့ ပြည်သူတွေကို ဖမ်းဆီးတယ်။ ဘာမှလည်း သတင်း အစအနမရဘူး။ တရားရုံးကိုလည်း မရောက်ဘူ...
Image
  ◾နီပေါနိုင်ငံကျောင်းသားများက သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာကျောင်းသားတွေနဲ့အတူ ရပ်တည်။ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးအပါအဝင် ယုံကြည်ချက်ကြောင့် သေဒဏ်ကျခံနေရသူတွေနဲ့အတူ နီပေါကျောင်းသားသမဂ္ဂနဲ့ ကျောင်းသားများက ရပ်တည်ကြောင်းထုတ်ဖော်ပြသခဲ့ကြပါတယ်။ ဒီဇင်ဘာလ ၅ ရက်နေ့မှာ နီပေါကျောင်းသားသမဂ္ဂက ကျောင်းသားတွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ စစ်အစိုးရ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီး နီပေါနိုင်ငံ မြန်မာသံရုံး ရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ နီပေါရဲတပ်ဖွဲ့ကနေပြီး ကျောင်းသားတွေကို ဖမ်းဆီးခဲ့တာတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။ ဓာတ်ပုံ - နီပေါကျောင်းသားသမဂ္ဂ https://www.facebook.com/464990613660068/posts/2406024502889993/?mibextid=Nif5oz #StopExecutingOurStudents #StopExecutingOurFriends #DagonUniversityStudents #FailedLaw #MyanmarUnderDeathPenalty #WeAreUnderDeathPenalt
Image
  ◾အတူတကွရပ်တည်ကြောင်း ပြသကြ။ ဒဂုံတက္ကသိုလ်ကျောင်းသား (၇) ဦးအပါအဝင် ယုံကြည်ချက်ကြောင့် သေဒဏ်ချခံထားရသော ကျောင်းသားပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ပြသသည့်အနေဖြင့် •မိမိ၏လက်ဝါးတွင် အောက်ပါစာသားများထဲမှ ရေးသား၌လည်းကောင်း၊ •သေဒဏ်ချခံထားရသော ကျောင်းသားတဦးဦး၏ အမည်ကိုရေးသား၌လည်းကောင်း ပြသကြရန် တိုက်တွန်းအပ်သည်။ Stop Executing Our Students Stop Executing Our Friends Dagon University Students Failed Law Myanmar Under Death Penalty We Are Under Death Penalty ဓာတ်ပုံများကို မိမိတို့၏ လူမှုကွန်ယက်စာမျက်နှာ၍ အောက်ပါ (#) များဖြင့် ပြန်လည်မျှဝေနိုင်ပါသည်။ #StopExecutingOurStudents #StopExecutingOurFriends #DagonUniversityStudents #FailedLaw #MyanmarUnderDeathPenalty #WeAreUnderDeathPenalty
Image
◾7 Dagon University students sentenced to death Seven Dagon University students were sentenced to death by the military junta on 30 November 2022 - seven months after their arrest on 21 April 2022. 1. Khant Zin Win Dagon University, Botany Day of arrest - 21 April 2022 Day of sentencing - 30 November 2022 2. Ko Hein Htet Dagon University, Archaeology Day of arrest - 21 April 2022 Day of sentencing - 30 November 2022 3. Khant Lin Maung Maung  Dagon University, Myanmar  Day of arrest - 21 April 2022 Day of sentencing - 30 November 2022 4. Thet Paing Oo Dagon University, Physics  Day of arrest - 21 April 2022 Day of sentencing - 30 November 2022 5. Thiha Htet Zaw Dagon University, Geography  Day of arrest - 21 April 2022 Day of sentencing - 30 November 2022 6. Thura Maung Maung Dagon University, Myanmar  Day of arrest - 21 April 2022 Day of sentencing - 30 November 2022 7. Zaw Lin Naing Dagon University, Industrial Chemistry Day of arrest - 21 April 2022 Day of sen...
Image
  ဒဂုံတက္ကသိုလ်ကျောင်းသားတွေအပါအဝင် လူငယ် ၁၀ ဦး သေဒဏ်ချမှတ်ခံရ စစ်အုပ်ချုပ်ရေးနယ်မြေတွေမှာဖြစ်ပွားခဲ့တဲ့ လုပ်ကြံမှု နှစ်ခုနဲ့ ပတ်သက်ပြီး တရားစွဲခံထားရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားတွေအပါအဝင် လူငယ် ၁၀ ဦးကို စစ်ခုံရုံးက သေဒဏ်ချမှတ်လိုက်တဲ့ အကြောင်း မိသားစုဝင်တချို့က အတည်ပြုပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက ဒဂုံမြို့သစ်တောင်ပိုင်းက ကမ္ဘာ့ရတနာဘဏ် မန်နေဂျာ အငြိမ်းစား ဒုဗိုလ်မှူးကြီးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရမှုအတွက် ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦး ကို သေဒဏ်ချမှတ်ခဲ့တာပါ။ ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင်တစ်ဦးကတော့ ဒီသေဒဏ်ချမှတ်မှုကို မတရားမှုလို့ပြောပြီး ဒီကိစ္စကို နိုင်ငံတကာက အာရုံစိုက်ဖို့ တိုက်တွန်းပါတယ်။ အလားတူ ပြီးခဲ့တဲ့မေလက ဒဂုံမြို့သစ်မြောက်ပိုင်း၊ ၄၅ ရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး လူငယ် ၃ ဦးကိုလည်း မနေ့က စစ်ခုံရုံးက သေဒဏ်ချမှတ်ခဲ့ပါတယ်။ #မြန်မာ #စစ်တပ် #ကျောင်းသား #ဒဂုံတက္ကသိုလ်

Contact Form

Name

Email *

Message *